အရင်းအမြစ်များ

အညိုရောင် ပြောင်းသွားသော ပန်းသီး

လက်သင်
The Browning Apple Photo: © iStock-132027480
1 Star2 Stars3 Stars4 Stars5 Stars
Loading...
အရင်းအမြစ်
လက်တွေ့စမ်းသပ်မှု
ဘာသာရပ်များ
ဓာတုဗေဒ
ခေါင်းစဉ်များ
ဂေဟစနစ်များ Health သိပ္ပံနည်းကျစူးစမ်းခြင်း
လှုပ်ရှားမှုများအတွက်အချိန်
၇၅ မိနစ်

ကျွန်ုပ်တို့ ပတ်၀န်းကျင်ရှိ အရည်များသည် ၎င်းတို့၏ ဂုဏ်သတ္တိများဖြင့် အက်စစ်သဘာဝ (သို့) သာမန် (အယ်ကာလိုင်း) (သို့) အလယ်အလတ် ဖြစ်နေနိုင်သည်။ ဥပမာ − အက်စစ်သည် အချဥ်အရသာရှိပြီး ဘေ့စ်မှာ ခါးသော အရသာရှိပြီး ချောပါသည်။ သို့သော် ပြင်းထန်သော အက်စစ် နှင့် ပြင်းထန်သော ဘေ့စ် သည် အလွန် အန္တရာယ်ရှိနိုင်ပြီး ကျွန်ုပ်တို့ အရေပြားကို လောင်စေနိုင်ပါသည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

ကျွန်ုပ်တို့ ပတ်၀န်းကျင်ရှိ အရည်များသည် ၎င်းတို့၏ ဂုဏ်သတ္တိများဖြင့် အက်စစ်သဘာဝ (သို့) သာမန် (အယ်ကာလိုင်း) (သို့) အလယ်အလတ် ဖြစ်နေနိုင်သည်။ ဥပမာ − အက်စစ်သည် အချဥ်အရသာရှိပြီး ဘေ့စ်မှာ ခါးသော အရသာရှိပြီး ချောပါသည်။ သို့သော် ပြင်းထန်သော အက်စစ် နှင့် ပြင်းထန်သော ဘေ့စ် သည် အလွန် အန္တရာယ်ရှိနိုင်ပြီး ကျွန်ုပ်တို့ အရေပြားကို လောင်စေနိုင်ပါသည်။ ထို့ကြောင့် ထိုဓာတုပစ္စည်းများကို အသုံးပြုသောအခါ အလွန်သတိထားရန် အရမ်း အရေးကြီးပါသည်။ အရည်သည် မည်မျှ အက်ဆစ် သဘာဝ (သို့) ဘေ့စ်သဘာဝ ရှိသည်ကို တိုင်းတာရန် ဓာတုဗေဒ ပညာရှင်သည် pH ပမာဏကို အသုံးပြုသည်။ pH ပမာဏသည် ၁ မှ ၁၄ အထိဖြစ်ပြီး ၁ မှ ၆ ကို အက်ဆစ် သဘာဝအဖြစ် ခွဲခြားနိုင်သည်၊ ၇ အလယ်အလတ် (ဘေ့စ်ရော အက်ဆစ်မဟုတ်ပါ) နှင့် ၈ မှ ၁၄ မှာ ဘေ့စ်အဖြစ် ခွဲခြားပါသည်။ pH စက္ကူ (သို့) အရောင်ညွှန်းပစ္စည်း တို့သည် ပျော်ရည် တစ်ခုသည် အက်စစ်၊ ဘေ့စ် (သို့) အလယ်အလတ် ဖြစ်သည်ကို ဆုံးဖြတ်ရန် အသုံးပြုသည်။ အနီရောင် ဂေါ်ဖီထုပ်မှ အရည် ကဲ့သို့ သဘာဝ အညွှန်းပစ္စည်းကို အရောင်ပြောင်းလဲမှုကို ကြည့်ခြင်းဖြင့် pH တန်ဖိုးများကို ဆုံးဖြတ်ရန် pH အညွှန်းပစ္စည်း အဖြစ် အသုံးပြုပါသည်

အဓိက ရည်ရွယ်ချက်များ
  1. ပန်းသီး အညိုရောင်ပြောင်းခြင်း နောက်ကွယ်ရှိ ဓာတုဓာတ်ပြုမှုကို လေ့လာရန်။
  2. လေထုတွင်ရှိသော အောက်စီဂျင်နှင့် ဓါတ်ပြုပြီး အညိုရောင်ပြောင်းသွားစေသော အသီးများတွင် ရှိသော အင်ဇိုင်းကို နားလည်ရန်။
  3. သံပုရာသီး ကဲ့သို့ သဘာဝ အက်စစ်အရည်ကို အသုံးပြုခြင်းဖြင့် သစ်သီးများကို အညိုရောင် ပြောင်းခြင်းမှ မည်သို့ တားဆီးနိုင်သည်ကို နားလည်ရန်။
  4. သစ်သီးဝလံများကို သဘာဝအလျောက် ထိန်းသိမ်းခြင်း စိတ်ကူးကို ရရှိရန်။
လမ်းညွှန်မှုမေးခွန်းများ
  1. ပန်းသီးလို အသီးမျိုးကို − လှီးပြီး အပြင်လေနှင့် ထိတွေ့သောအခါ ဘာဖြစ်သွားသည်ကို သင်သတိထားမိ ပါသလား။
  2. ၎င်းကို အသီးအားလုံးတွင် မြင်တွေ့ရပါသလား။ အသီးအနှံများတွင်ရော မည်သို့နည်း။ အခြား အသီးများမှာရော။
  3. အညိုရောင် ပြောင်းသွားသော ပန်းသီးကို စားလို့ရပါသလား။ (သို့) ၎င်းကို ပစ်ထုတ်လိုက်ရပါသလား။

စာရေးသူများ

Dr Mya Thein, Head of Science, Brainworks – Total Group of Schools ရည်ညွှန်းချက် 1. Science Experiment: The Brown Apple Project: Food Science, Plant Science Link: https://extension.purdue.edu/4h/Documents/Volunteer%20Resources/Science%20Made%20Easy/Brown%20Apples.pdf 2. Food Explorations Lab I: Enzymatic Reactions Link: https://naitcapi.usu.edu/media/uploads/2017/03/20/Enzymatic_Reactions_Teacher_Key.pdf