SEADSTEM အတွက် Goethe-Institut နှင့် SEAMEO STEM-ED တို့ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုး
![MoU STEM-ED Goethe-Institut Thailand Back up MoU STEM-ED Goethe-Institut Thailand Back up](https://www.seadstem.org/wp-content/uploads/2020/01/MoU-STEM-ED_Goethe-Institut-Thailand-Back-up-768x512.jpg)
ဇန်နဝါရီ 31, 2020
Goethe-Institut နှင့် SEAMEO သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ ပညာရေး ဒေသဆိုင်ရာစင်တာ(SEAMEO STEM-ED) တို့သည် အရှေ့တောင်အာရှ ဒစ်ဂျစ်တယ် STEM ပလက်ဖောင်း (SEADSTEM) ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် မူဘောင်တစ်ခု ချမှတ်၍ နားလည်မှုစာချွန်လွှာတစ်ရပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ နားလည်မှုစာချွန်လွှာဆိုသည်မှာ အရှေ့တောင်အာရှအတွင်း STEM ဆက်လက်ဖော်ဆောင်ရာတွင် အဖွဲ့အစည်းနှစ်ခုအကြား လက်တွဲဆောင်ရွက်မှု တည်ဆောက်ရန်အတွက် အရေးကြီးအုတ်မြစ်တစ်ရပ် ချမှတ်ရာ၌ အရေးပါသည့် အဆင့်တစ်ဆင့်ဖြစ်သည်။
SEAMEO STEM-ED သည် ထိုင်းနိုင်ငံ အစိုးရက ဦးစီးဆောင်ရွက်နေသော SEAMEO ဒေသဆိုင်ရာစင်တာများအနက် တစ်ခုဖြစ်သည်။ SEAMEO STEM-ED စင်တာ၏ အခန်းကဏ္ဍမှာ အရှေ့တောင်အာရှအတွင်း STEM ပညာရေးဖော်ဆောင်မှု ဖြစ်ထွန်းလာစေရန်နှင့် အလားအလာ တိုးတက်လာစေရန် ဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအတွက် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ ဘာသာရပ်တို့တွင် အဆင့်မီပညာရေးနှင့်စပ်လျဉ်း၍ သုတေသနပြုနေသည့် အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖြန့်ဝေရေး စင်တာတစ်ခုဖြစ်သည်။ SEAMEO STEM-ED ၏ ရည်မှန်းချက်မှာ STEM ပညာရေး တွင်ကျယ်လာစေရန်အတွက် နိုင်ငံလုံးဆိုင်ရာ၊ ဒေသဆိုင်ရာ မူဝါဒများနှင့်အညီ လုပ်ဆောင်ပြီး အဆင့်မီရင်းမြစ်များ ပေါ်ပေါက်လာစေရန်ဖြစ်သည်။ ၎င်းအနေဖြင့် STEM ပညာရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် မူဝါဒများချမှတ်ရုံသာမက အဖွဲ့ဝင်နိုင်ငံများနှင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများအကြား သတင်းအချက်အလက်နှင့် အတွေ့အကြုံများ မျှဝေပေးသည့် စင်တာအဖြစ်လည်း ရှိနေမည်ဖြစ်သည်။ အဆိုပါမိတ်ဖက်အဖွဲ့အစည်းနှစ်ခုသည် နောင်လာမည့် လများ၊ နှစ်များအတွင်း ဖော်ဆောင်မည့် SEADSTEM နှင့်ဆက်နွယ်နေသော လုပ်ငန်းများတွင် အနီးကပ် အပြန်အလှန်ဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။